မန္တလေးမြို့တွင် ဘိန်းဖြူအမြောက်အများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့တွင် ဘိန်းဖြူအမြောက်အများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်း၊ ၈၈ x ၈၉ လမ်းကြားရှိ ဟိုတယ်၊ အခန်းအမှတ် --- အား ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ ချမ်းညိမ်းဖြိုး အားတွေ့ရှိပြီး အခန်းအတွင်းမှ ဘိန်းဖြူအလေးချိန် ၁.၇၅၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၂၅.၆ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချမ်းညိမ်းဖြိုး(၃၃)နှစ်အား အမှတ်(၅)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၀၆၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း(တပင်ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်းကြားရှိ ကျော်စွာဝင်း ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အေးချမ်းသူ နှင့် မျိုးမင်းသိန်း တို့အားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၈.၂၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၀၆၂.၅ သိန်း)၊ ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်မှ ကျော်စွာဝင်း(၃၈)နှစ်၊ အေးချမ်းသူ(၃၆)နှစ် နှင့် မျိုးမင်းသိန်း(၃၄)နှစ်တို့အား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)