ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းနေသည်ဟူသော သတင်းများ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းနေသည်ဟူသော သတင်းများ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြား



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်တွင် ရှိသော ဘင်္ဂါလီများအား စစ်မှုထမ်းရန် SAC  က စာရင်းကောက် ယူနေသည်ဆိုသော သတင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီး ရေးသားထား ခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့်  The Business Standard ၏ ဝက်ဘ်ဆိုက် သတင်းတစ်ခုတွင်  မြန်မာအစိုးရက  ဒုက္ခသည်စခန်းများရှိ  အကန့်အသတ်ခံထားရသည့် ဘင်္ဂလီများ ကို လွတ်လပ်စွာသွားလာခွင့် ပေးမည်ဟု ကမ်းလှမ်းပြီး စစ်မှုထမ်းစေရန် လုပ်ဆောင်နေသည်ဟု  သတင်းရေးသားထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့က တရားမဝင် မြန်မာမီဒီယာအချို့၏ ရေးသား ချက်ကို ကိုးကား၍ ရေးသား နေကြခြင်း ဖြစ်ကြောင်းနှင့်   RFA ၏ အခြေ အမြစ်မရှိသော သတင်းကို ကိုးကား ရေးသားခြင်း ဖြစ်ကြောင်း လည်း သိရသည်။

 “အဲဒီလိုမျိုး မရှိပါဘူး။  ဘင်္ဂါလီတွေက နိုင်ငံသားလည်းမဟုတ်ဘူးလေ။ ပြီးတော့ စစ်မှုထမ်းဥပဒေကလည်း အခုအ ချိန်ထိ တိုင်းဒေသကြီး၊  ပြည်နယ် ၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး စတဲ့အဖွဲ့တွေ အများကြီး ဖွဲ့ရအုံးမှာ လေ။ နည်းဥပဒေလည်း ထုတ်ပြန်ရအုံးမှာ။ အဲဒါတွေ လုပ်ရအုံးမှာ ဆိုတော့ အခုထွက်နေတဲ့ သတင်း တွေက မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေ မရှိဘူး”ဟု ၎င်း ကပြောသည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒါကာထရီဗျူးသတင်းဌာနက “နယ်စပ်ဒေသရှိ ထောင်နှင့်ချီ သော ဘင်္ဂလီ ဒုက္ခ သည်များအား လက်ရှိ ဖြစ်ပွား နေသော တိုက်ပွဲတွင် ပါဝင်တိုက်ခိုက် ရန် ခေါ်ဆောင်သွားသည်ဟု အတည် မပြုနိုင်သေးသော သတင်းများထွက်ပေါ်နေ ကြောင်းလည်း မဟုတ်မမှန်ရေးသား ဖော်ပြထားသည်။

တရားမဝင်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီးသည့် နောက်ပိုင်းတွင် ပြည်သူများနှင့်ဒေသခံများ စိုးရိမ်ပူပန်မှုကြီးထွားစေရန်အတွက် မဟုတ် မမှန်သတင်းများကို အမျိုးမျိုးလုပ်ကြံ ရေးသားခဲ့ပြီးနောက် ယခု သတင်းတုကိုလည်း ပုံစံတစ်မျိုးဖြင့် ထုတ်လွှင့်လာကြခြင်းဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မီဒီယာစောင့် ကြည့် လေ့လာသူတစ်ဦးက ပြောကြားသည်။ 


မျိုးခိုင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)