လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအေးကျော်ရွှေတောင်ဓာတ်အားပေးစက်ရုံအားလှည့်လည်စစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအေးကျော်ရွှေတောင်ဓာတ်အားပေးစက်ရုံအားလှည့်လည်စစ်ဆေး

%E1%81%84



%E1%81%86

MNP ၊ ဖေဖော်ဝါရီ -၁၇

      ပဲ ခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်ယမန်နေ့ နေ့လယ်ပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအေးကျော်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး / ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များလိုက်ပါ၍ ရွှေတောင်ဓာတ်အားပေးစက်ရုံအားကြည့်ရှုစစ်ဆေးခဲ့သည်။

ရွှေတောင်ဓါတ်အားပေးစက်ရုံ ဧည့်ခန်းမတွင် စက်ရုံမှူးမှ ဓါတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များနှင့် စက်တပ်ဆင်လည်ပတ်နေမှုအခြေအနေများ၊ 230KV MCM ၇၀မဂ္ဂေါဝပ် ဓါတ်အားပေးစက်ရုံစက်တပ်ဆင်လည်ပတ်နေမှုအခြေအနေများအား Power Point. ဖြင့် တင်ပြရာ ဒုတိယ ဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအပေါ်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပြီး သဘာဝဓါတ်ငွေ့ဓါတ်အားပေးစက်ရုံရှိ စက်များလည်ပတ်နေမှုအခြေအနေများနှင့်စက်ရုံဝန်းအတွင်း ဓါအားပေးလိုင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ MCM ၇၀မဂ္ဂေါဝပ် ဓါတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်များလည်ပတ်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ ဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များအပေါ်လမ်းညွှန်မှာကြားခဲ့ပြီးစက်ရုံဝန်းအတွင်း ဓါအားပေးလိုင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

No comments:

Post a Comment

Donate and Support

Pages