မှော်ဘီတိုးဂိတ်အနီး ညောင်ပင်ရွာကြက်ဝိုင်း ယမန်နေ့က ဝင်ဖမ်းရောက်ဖမ်းဆီး၊ ယနေ့ ကြက်ဝိုင်းပြန်ဖြစ်နေဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီတိုးဂိတ်အနီး ညောင်ပင်ရွာကြက်ဝိုင်း ယမန်နေ့က ဝင်ဖမ်းရောက်ဖမ်းဆီး၊ ယနေ့ ကြက်ဝိုင်းပြန်ဖြစ်နေဟုဆို







MNP ၊ ဖေဖော်ဝါရီ ၁၈

မှော်ဘီတိုးဂိတ်အနီး ညောင်ပင်ရွာတွင် တရားဝင် ကြက်ဝိုင်းသဖွယ် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦး က မြန်မာနေရှင်နယ်ပို့စ်သို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့ရာ မြန်မာနေရှင်နယ်ပို့စ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါ ကြက်ဝိုင်းအခြေအနေနှင့် ပတ်သက်၍ ဒေသခံက "မနေ့က လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ဖမ်းတယ်။ ကြက်သမားတွေ ထွက်ပြေးကြတယ်။ ဖမ်းဆီးရမိ အသံမကြားဘူး။" ဟု ပြောသည်။

ကြက်ဝိုင်းကို ဦးဆောင်သူ မည်သူဖြစ်ဝါဆိုသည်ကို ဒေသခံအား မေးမြန်းရာ "ကြက်ဝိုင်းတွင် ဆရာကြီးတွေကတော့ အများကြီးပဲ။ ကိုမျိုး၊ သန်းကျော်လင်း၊ စောထူး တို့ ပါမယ်။ ဒါ ကျွန်တော်သိတဲ့ သူတွေပါ။ ကြက်ဝိုင်းကတော့ ရုပ်သံတွေမှာ ကြည့်လိုက်ရင် လူက အုံနေတာဆိုတော့ အများကြီးပါ။ မနေ့က ဝင်ဖမ်းလို့ ကြက်ဝိုင်းမရှိတော့တာမဟုတ်ဘူး။ ဒီနေ့ ကြက်ဝိုင်း ပြန်တည်နေတယ်။ ဒီနေ့ ကြက်ဝိုင်းပြန်ဖြစ်နေတယ်။ ဂရုမစိုက်ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ ဘယ်လို ပိုင်ရာဆိုင်ရာတွေ ရှိနေလဲတော့ မသိဘူး။" ဟု ပြောသည်။


(ဖော်ပြခဲ့ပြီးဖြစ်သော အိတ်ဖွင့်ပေးစာ)

လိုင်စင်ရ ကြက်ဝိုင်းသဖွယ် ဆောင်ရွက်နေမှုအပေါ် အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးစေလို (အိတ်ဖွင့်ပေးစာ)


တာဝန်ရှိသူများ သိရှိနိုင်စေရန် ဖော်ပြပေးပါခင်ဗျာ -

ကျွန်တော်တို့၏ မှော်ဘီမြို့နယ်၊ မှော်ဘီတိုးဂိတ် အနီး ညောင်ပင်ရွာမှာ တရားဝင် ကြက်ဝိုင်းသဖွယ် ပြုလုပ်နေခဲ့သည်မှာ ကာလရှည်ကြာရှိပါပြီ။ မလိုလားအပ်သော ပြဿနာများလည်း ရံဖန်ရံခါ ပေါ်ပေါက်ပါသည်။ သို့ပေသော် ကြက်ဝိုင်းကို ဖမ်းဆီးခြင်း မရှိသလို တားဆီးခြင်းလည်း မရှိပါ။ အဆိုပါ ကြက်ဝိုင်းကို နယ်ပေါင်းစုံမှ ကြက်သမားဆိုသူများ လာကြပါသည်။ မကြာမကြာ ချိန်းဝိုင်းဆိုပြီး လုပ်ကြပါသည်။

ညောင်ပင်ရွာ ကြက်ဝိုင်းက ကြက်သမားတွေက facebook လူမှုကွန်ရက်မှာ ပါ တရားဝင်လုပ်ငန်းသဖွယ် ကြော်ငြာပြီး လုပ်နေတာကိုလည်း တာဝန်ရှိသူများ တွေ့မြင်နိုင်ပါတယ်။

မြန်မာတပြည်လုံး ဘယ်နေရာမှ ကြက်ဝိုင်းတွေ တရားဝင်ခွင့်ပြုထားတယ်ဆိုတာတော့ မကြားဖူးပါဘူး။ ညောင်ပင်ရွာက ကြက်ဝိုင်းက ကြက်သမားများကတော့ လူမှုကွန်ရက်မှာပါ ဗြောင်ကျကျ ကြော်ငြာပြီး လုပ်နေကြတာ ဖြစ်ပါတယ်။

ဒေသခံပြည်သူများအနေဖြင့် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပါသည်။ တာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ဒေသခံ ပြည်သူတစ်ဦး


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)