ဂွမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ

%E1%81%84

%E1%81%85

%E1%81%86


MNP  ၊  ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဂွမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးက  ကလေးငယ်များ၏ ကာယ၊ ညာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးအတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်၊ ရင်သွေးငယ်များသည် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေပြဌာန်း ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် အခွင့်အလမ်းများဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ ယခုလိုကျောင်းဆင်းပွဲကို အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးသည့်အတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းအဖွင့်စကားပြောကြားခဲ့သည်။

   ဆက်လက်၍ ကျောင်းဆင်းပွဲကို ကျင်းပခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးနှင့် ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်၊   မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဂွမူလတန်း ကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းသား၊ကျောင်းသူများကို ကျောင်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages