သရက်မြို့နယ်၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ဖျောက်ဆိပ်ခုံကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့နယ်၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ဖျောက်ဆိပ်ခုံကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများနှင့် တွေ့ဆုံ


MNP  ၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဉပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ယနေ့မွန်းလွဲ (၁)နာရီက ဖျောက်ဆိပ်ခုံကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျာ်သူရက အဖွင့်မှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းဦးက တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေးတို့ကို ပြောကြားပေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်သည်များကို ပြောကြားပေးခဲ့ပြီး ကျေးရွာနေပြည်သူများမှ တင်ပြလာသည့် ကျေးလက်ဒေဿဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)