ရွှေတောင်မြို့နယ်အတွင်း ကျေးရွာများရှိစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်း ကျေးရွာများရှိစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP  ၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်အညီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း နွေစပါး ( အင်း/ မူယင်း) စိုက်ပျိုး သည့်ကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        အဆိုပါ ကွင်းဆင်းရာတွင် ရွှေတောင်မြို့နယ် ၊သရက်သုံးပင်ကျေးရွာအုပ်စု၊ကွင်းအမှတ် ( ၄၄၇၊၄၄၈၊၄၄၉)သရက်သုံးပင်ကွင်း အတွင်းစိုက်ပျိုးထားသည့် နွေစပါး ( အင်း/ မူယင်း)စိုက်ဧက ( ၄၁၉)ဧကတို့အားကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍  နွေစပါး စိုက်ပျိုးရာတွင် သွင်းအားစုများ ဖြစ်သည့် ဓါတ်မြေသြဇာနှင့် သဘာဝ မြေသြဇာများ အသုံးပြုပုံ မှန်ကန်ရေး၊ရေသွင်းရေထုတ်မှန်ကန်ရေးတို့အားရှင်းလင်းဆွေးနွေးခြင်း၊နှစ်သီးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေးနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။

       ဆက်လက်၍ ရွှေတောင်မြို့နယ် ၊ကျီးသဲကျေးရွာအုပ်စု၊ကွင်းအမှတ်(ကျီးသဲကျေးရွာအုပ်စု၊ကွင်းအမှတ်၄၄၅"၊၄၅၄) ကွင်းများတွင်နွေစပါး ( မူယင်း) ( ၂၉)ဧကစိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများ၊ရွှေတောင်မြို့နယ် ၊မြို့မကျေးရွာအုပ်စု၊ကွင်းအမှတ်၊ကွင်းအမှတ်(၄၄၄A) မြို့မကွင်းရှိ  နွေစပါး ( အင်း/ မူယင်း) ( ၁၈၆)ဧကစိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများ စစ်ဆေးကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန် ၊ သွင်းအားစုနှင့် စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ၊ ကောက်စိုက်စက် ကိရိယာများအသုံးပြုရန်တို့အား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)