ချောက်မြို့နယ် မော်တော်ယာဥ်လိုင်းပေါင်းစုံ စခန်းတွင် မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ချောက်မြို့နယ် မော်တော်ယာဥ်လိုင်းပေါင်းစုံ စခန်းတွင် မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ



MNP ၊ ဖေဖော်ဝါရီ ၂၄


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မော်တော်ယာဥ် လိုင်းပေါင်းစုံစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက​မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့​ခြင်း​ဖြစ်​သည်။ မြို့နယ်မော်တော်ယာဥ်လိုင်းပေါင်းစုံ စခန်းရှိ ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များ၊ ဂိတ်မှူး/ဂိတ်တာဝန်ခံများ၊ ယာဥ်ကြီးကြပ်ရေးကော်မတီအဖွဲ့များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အတွက် လိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေး ဟောပြော​ခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြ ငြှိမ်းသတ်ပေးခြင်း၊ မော်တော်ယာဥ်များပေါ်တွင် မီးသတ်ဆေးဘူး ထားရှိရေး၊ မော်တော်ယာဥ်ဂိတ် အသီးသီးတွင်လည်း မီးသတ်ဆေးဘူး ထားရှိ​ရေး၊ အရေးပေါ် မီးသတ်ယာဥ် အဝင်၊အထွက် သွားလာနိုင်ရေးအတွက် ယာဥ်ရပ်နားမှုများအား စနစ်ကျမှု ရှိစေရေး အကြံပေးခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျော်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages