ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက် သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့်ရပ်ကွက် / ကျေးရွာအုပ်စု များအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက် သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့်ရပ်ကွက် / ကျေးရွာအုပ်စု များအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

  





MNP  ၊ ဖေဖော်ဝါရီ   ၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

   အခမ်းအနားတွင်  ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်က  အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်က အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ မဏိကမ္ဘာကုမ္ပဏီတာဝန်ခံ ဦးအောင်ချမ်းမြေ့က  သွင်းအားစု ( ဓာတ်မြေသြဇာ)များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ၂၀၂၃- ၂၀၂၄ခုနှစ်၊ မိုးစပါးသီးနှံအတွက်သွင်းအားစု ( ဓာတ်မြေသြဇာ) ထောက်ပံ့ပေးအပ်မှုအပေါ် အပြေအကြေ ပေးဆပ်သည့်ရပ်ကွက် / ကျေးရွာအုပ်စု များအား ဆုချီးမြှင့်ပွဲတွင် ( ပထမ၊ဒုတိယ၊တတိယ) ရရှိသော ကျေးရွာအုပ်စု များအား ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ၊ ဦးသိန်း အောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ  ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များက ဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ  ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ၊ မဏိကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

  

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)