မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြို့သစ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

%E1%81%81%E1%81%86


MNP ၊ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လေပြင်း​ဘေးအန္တရာယ်ကျရောက်ပျက်စီးနိုင်သောနေအိမ် (၁၂၀)လုံးအတွက် အမိုးအကာများအား ဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လည်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့သစ်မြို့နယ် ဒန့်ဒလွန်ပင်ကျေးရွာအုပ်စု၊ ဒန့်ဒလွန်ပင်ကျေးရွာ၊ လေသာကျေးရွာတို့မှ အမိုးအကာများအား ဖြည့်စည်းပြင်ဆင်ရန် လိုအပ်သော အိမ်ခြေ (၁၂၀) အား အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ထရံ၊ ဝါးလုံးနှင့် သွပ်နန်းကြိုးများ ဝယ်ယူအသုံပြုရန်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၅၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖေဖော်ဝါရီလ(၂၇)ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းနေအိမ်များအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်ထက်နှင့်ကော်မတီဝင်များ၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုထွေးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များမှ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages