ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

 


%E1%81%81%E1%81%84

MNP  ၊ဖေဖော်ဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ယနေ့တွင် ကျိုင်းတုံမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အခြေခံပညာအဆင့်ရှိသူ အမျိုးသား၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မူကြိုပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ အိုးမကွာ၊ အိမ်မကွာမိမိအိမ်၌ပင် မူကြိုကျောင်းဖွင့်လှစ်နိုင်ရန်၊ ရင်းသွေးငယ်များကို ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းလမ်းများဖြင့် နည်းစနစ်မှန်ကန်စွာ ပြုစုပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ ၃၀ ဦး တက်ရောက်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်မှ ၂၅ ရက်ထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages