ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု




ပဲခူး၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက (၁၀၀) စုပေါင်းဓါတ်မြေဩဇာကြဲပက်ခြင်းနှင့် သမန်းနှိုးခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကန်ရိုးကျေးရွာ၌ ဦးနိုင်နိုင်ကျော်၏ တန်ဖိုးနည်း ဒေသထွက်ကုန်ဖြစ်သော ရွဲယိုသီး၊ ပျဉ်းမရွက်၊ ပဲပိုးတီ၊ ဓနိဖူး၊ ရှဉ့်မတတ်၊ ချဉ်ပေါင်ဖာလာ၊ ကြက်ဆူရွက်၊ ကြောင်လျာသီးအစေ့၊ ပိန်းရိုး၊ ဝါးနှီး စသည့်တို့ကိုအခြောက်ခံ၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့နေသည့် အလုပ်ရုံနှင့် ကောင်းစစ်သွေး ငါးရှဉ့်ပွဲရုံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ(၃) ရပ်ကွက်ရှိ ကျော်ကြား ရေတုံကင်ထုတ်လုပ်ရေးနှင့် သွပ်ပြားအမျိုးမျိုး ထုတ်လုပ်ရေးအလုပ်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရေတုံကင်များသည် ကျေးလက်ဒေသသုံးဖြစ်ပြီး စားဖိုဆောင်သီးနှံစိုက်ခင်းများအတွက် မရှိမဖြစ်အသုံးပြုသည့်ပစ္စည်းဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ဝဲဝန်းကျေးရွာရှိ ဦးသန်းနိုင်၏ အသားစားနွား၊ နို့စားနွားနှင့် ဒေသနွား မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုင်းဒါးကျေးရွာသို့ ရောက်ရှိခဲ့ပြီး တောင်သူ ဦးဝင်းရွှေ၏ တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း မြေပဲ(၅၀)ဧကနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ကုန်စိမ်းပွဲရုံများသို့သွားရောက်ခဲ့ပြီး ဒေသထွက်စားဖိုဆောင်သီးနှံများ ကြန့်ကြာမှုမရှိဘဲ ဈေးကွက်သို့အချိန်မီရောက်ရှိရှိစေရေး၊ သီးနှံပေါ်ရာသီတွင် စိုက်ပျိုးသီးနှံများ အလေအလွင့်မရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွန်ကျေးရွာ၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့သည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၅၀၀)စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ရှင်းလင်းပြောကြားခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။


သက်ဖြိုးကြိုင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)