ကလောမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆွေးနွေးပွဲ အခမ်းအနားကျင်းပ








MNP ၊ ဖေဖော်ဝါရီ ၂၁

ကလောမြို့၊အမှတ် (၄) ရပ်ကွက်၊ မြို့နယ်စည်ပင်ခန်းမ၌ ယနေ့ ၉ နာရီခွဲ အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကလောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ကလောမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် ဝန်ထမ်းများ ကလော မြိုနယ်ရဲတပ်ဖွဲမှူး ရဲမှူးစိုးထွန်းဝင်းနှင့် ရဲတပ်ဖွဲဝင်များ၊ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများ ကလောမြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟိန်းနှင့်အဖွဲ့ဝင်များ၊ ကလောမြို့နယ် ရပ်မိရပ်ဖများ ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲဝင်များ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ပြီးနောက် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကြောင့် မိဘပြည်သူများ ကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပြီး နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မိဘပြည်သူများ၊ လူငယ်လူရွယ်များ မှန်ကန်စွာ သိရှိနားလည်စေရန် ရှင်းလင်းပြောကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း "ဒီနိုင်ငံတော် အတွက်လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ဘက်ညီမျှတ စွာကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ တချို့ သော eaos တွေကကောလာဟာလထုတ်လွှတ်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက် ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်နေတာမျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက် တင်ပြပြီးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်ခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက်  ထမ်းဆောင်နိုင်တဲ့၊ အကြုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းရှိပါတယ်။ ဒီအထဲမှာ အမျိုးသားအင်အားက ၆ သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်စေရာမှာ ဒီအမျိုးသား ဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်ပဲ ကျွန်တော်တို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျအကြုံးဝင်တဲ့အလျှောက် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောကြားထားသည်။


Photo - ရွှေနေကြာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)