အမရပူရမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမရပူရမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေး

%E1%81%81%E1%81%87

MNP ၊ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမတွင် ယနေ့ ၁ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြည်သူ့စစ်မှုထမ်း၏ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန်ကာလ၊ ဥပဒေပါအဓိပ္ပါယ်ဖော်ပြချက်နှင့် စိုးရိမ်ရန်မလိုစသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်သည့်အကြောင်းအရာများကို အများပြည်သူများသိရှိအောင် လက်ရှိထုတ်ပြန်ထားသော ဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။ အများပြည်သူများ အသိပဘာဗဟုသုတရရှိစေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages