မိုင်းယုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လူထုအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းယုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လူထုအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

 

%E1%81%81%E1%81%84


MNP ၊ဖေဖော်ဝါရီ ၁၉

ပူပြင်းခြောက်သွေ့သော‌ နွေရာသီရောက်ရှိလာပြီဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးတို့အတွက် မြိုပေါ်ရှိရပ်ကွက်များအတွင်း လှည့်လည်၍ မီးသတိပေး၊ နိူးဆော်ခြင်းများအား ယမန်နေ့ည ၆ နာရီကျော်က မြို့မရပ်ကွက်အတွင်း၌ လူထုအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ လူထုအသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် မိုင်းယုမြို့၊ မီးသတ်ဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုင်းအွန်ခမ်း ဦးဆောင်သော မီးသတ်တပ်ဖွဲများက ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန်၊ မိမိတို့၏ နေအိမ်များတွင် မီးကပ်၊ မီးချိတ်၊ ရေပုံးများထားရှိရန်၊ မီးကြွင်းမီးကျန်များမထားရှိရန်၊ လျှပ်စစ်မီးအား ဂရုတစိုက် စနစ်တကျသုံးစွဲကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ သိရှိလေ့လာထားရန်၊  အရေးပေါ်မီးငြှိမ်းသတ်နည်းများ သိရှိလိုက်နာကြရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ဆက်သွယ်ရမည့် မြို့မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များအား ကြေညာဆောင်ရွက်ခြင်းများနှင့် မီးဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မီးသတ်တပ်ဖွဲဝင်များ၏ အဓိကရည်ရည်ချက် (၄)ရပ်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေး စသည့်လုပ်ငန်းများနှင့်အညီ မိုင်းယုဒေသတွင်းရှိ မြို့ပေါ်/ရပ်ကွက်များရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages