ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကျင်းပ






MNP ၊ ဖေဖော်ဝါရီ ၁၆

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင် (၆) ခု၊ မြို့နယ် (၂၈) မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် မှီတင်နေထိုင်ကြသည့် လူဦးရေစုစုပေါင်း (၅) သန်းကျော်အတွက် အဓိကကျသည့် ပြည့်သူ့ကျန်းမာရေးကဏ္ဍများ ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးထားကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်စုံကောင်းမွန်မှသာ လူမှုရေးစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်၏ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုစေနိုင်မှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရှိန်အဟုန်မြှင့် ထိုးနှံပေးခဲ့ရာ အသက် (၁၈) နှစ်အထက် ပြည်သူနှင့် အသက် (၁၈) အောက် ကျောင်းသား/ သူများအား စတုတ္ထအကြိမ်အထိ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြည်သူလူထုအတွက် အကျိုးရှိမည့် မည်သည့်လုပ်ငန်းကိုမဆို စဉ်ဆက်မပြတ် ကြိုးစားစီမံဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးကဏ္ဍကိုလည်း အမြဲထည့်သွင်းလျက် ဦးစားပေးဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း အောက်စီဂျင်ပြတ်လပ်မှုမရှိစေရေး မြို့နယ်အလိုက် အောက်စီဂျင်စက်ရုံများ တည်ဆောက်ပေးခြင်းအပြင် မြို့နယ်များရှိ စေတနာ့ဝန်ထမ်းအရန် သားဖွားဆရာမ (၂၅၀) ဦးအား မွမ်းမံသင်တန်းများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ထိရောက်သဖြင့် ပြည်သူ့ကျန်းမာရေးညီလာခံဆောင်ပုဒ်ဖြစ်သော “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးကို မြှင့်တင်စို့” ဆိုသည့်အတိုင်း ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်စေတနာ့ဝန်ထမ်းများ၊ ပြည်သူများပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းမှ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလုပ်ငန်းများ၊ မွေးကင်းစနှင့် ကလေးငယ်များ စောင့်ရှောက်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ သွေးတိုးဆီးချိုစတဲ့ မကူးစက်တတ်တဲ့ရောဂါများ ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အခမ်းအနား၌ ပြသထားသည့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)