ရမည်းသင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ထောက်ခံကြိုဆိုပွဲ ကျင်းပ








MNP ၊ ဖေဖော်ဝါရီ ၁၄

ရမည်းသင်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ထုတ်ပြန်ကြေညာလိုက်သည့် ပြည်သူ့စစ်မှုထမ်းအား ဥပဒေအား ထောက်ခံကြိုဆိုပွဲကို ယနေ့ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်ဝါဒီများနှင့် ပြည်ဖျက်မီဒီယာများက ပြည်သူများ စိုးရိမ်သောဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိရာ သတင်းမှန် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ရှင်းလင်း ဖြေကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းမီဒီယာများမှ မေးမြန်းသည့်အပေါ် တာဝန်ရှိသူများက ဖြေကြားထားရာတွင် (၁) ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ်(၁)ကို စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ ဦးဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ (၂) သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသောကာလအထိ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း၊ (၃) သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလနှင့် သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်သည့်ကာလများတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်အားလုံးကို လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်မှုထမ်းများအတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ (၄) ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဥပဒေဖြစ်၊ ထို့ကြောင့် အဆိုပါဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့သို့ ဝင်ရောက်မည်ဆိုပါက ဥပဒေချိုးဖောက်ခြင်းဖြစ်သည့် အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်ပြီး ထိုသူများအနေဖြင့် ၎င်းတို့၏ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ- ၁၅ ခ နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလပြီးဆုံးသည်အထိ စစ်မှုထမ်းဆောင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ်(၁)တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅)မှသာ ခေါ်ယူရန် လျာထားကြောင်း၊ သတန်းအမှတ်စဉ် ၁ ခုလျှင် စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်း လျာထားစီမံထားကြောင်း ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)