အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အားကစားကွင်းအား သွားရောက်စစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အားကစားကွင်းအား သွားရောက်စစ်ဆေး

019

020

021

022

MNP ၊ ဖေဖော်ဝါရီ ၁၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အားကစားကွင်းအား သွားရောက်စစ်ဆေးခဲ့ပြီး ပြုပြင်ဆောင်ရွက်သင့်သည်များကို ပြင်ဆင်နိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ  မြို့နယ်အားကစားကွင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ လာရောက်ကြည့်ရှု့စစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကို၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်မှူး ဦးရဲကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး ဦးဖြိုးဝေမောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကျော်ကျော် တို့မှ ကြိုဆိုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အားကစားကွင်းအား လှည့်လည်စစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ရန် လမ်းညွှန်မှာကြားကာ (၀၉း၀၀)အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages