ရမည်းသင်းမြို့၊ မြို့လှကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့၊ မြို့လှကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 



MNP  ၊ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မြို့လှ၊ မကျီးကုန်း၊ အင်းပေါင်၊ ပုတီးကုန်း၊ ကမ္မ၊ ပဲ့ဆည်၊ ဝါးရုံတော၊ ပျားစီနှင့် ဆတ္ထိုးကြီးအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့လှကျေးရွာဘုန်တော်ကြီးမြောက်ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၏ တပ်မတော်သား တစ်ဦး ပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေပြောကြားသည်။

ရမည်းသင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်စု (၉)အုပ်စုမှ ဒေသခံ ပြည်သူစုစုပေါင်း (၃၀၀)ဦးအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာ သိရှိပြီး သတင်းအမှန်များ သိရှိကြစေရန်၊ ပြည်သူလူထုကြားတွင် ထင်ယောင်ထင်မှား ဖြစ်စေမည့် ကောလဟလသတင်းများ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ရည်ရွယ်၍ ရမည်းသင်းခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)