ရွှေတောင်မြို့နယ်၊အထက ညောင်စာရေးကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတောင်မြို့နယ်၊အထက ညောင်စာရေးကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး

%E1%81%81%E1%81%80

%E1%81%81%E1%81%81

%E1%81%81%E1%81%82


MNP ၊ ဖေဖော်ဝါရီ-၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက ညောင်စာရေးကျောင်း၌ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လူငယ်များ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဗဟုသုတ တိုးပွားလာစေရန်နှင့် ဆောင်ရန် ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက ညောင်စာရေး ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်းနှင့် ဦးစီးမှူး ဦးထက်နိုင်တို့က မီးဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး ၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေး တို့အတွက် ဆောင်ရန် ၊ရှောင်ရန်များကို  ကျောင်းသားကျောင်းသူ (၂၀၀)ဦးအား အသိပညာပေး ဟောပြောခဲ့ပြီး  ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး အဆိုပါ ကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages