အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Cen tre )ခန်းမတွင် ဒို့ကျေးရွာဂျာနယ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Cen tre )ခန်းမတွင် ဒို့ကျေးရွာဂျာနယ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

 




MNP -  ဖေဖော်ရီ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Comm unity Centre )ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က ဒို့ကျေး ရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၅) မှ မောင်မောင်မြင့်သိန်း ရေးသားသည့် ခန့်မှန်းရခက်သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့ပါသည်။

 ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူကျောင်းသားကျောင်းသူ လူငယ်များအားကာယ၊ ဉာ ဏ၊စာရိတ္တ၊မိတ္တ၊ဘောဂ စသောဗလငါးတန်ဖွံ့ဖြိုးလာ စေရန်နှင့်စာဖတ်ခြင်းကြောင့်ရရှိလာမည့်အကျိုးေကျးဇူးနှင့်အတွေ့အကြုံများလူမှုကွန်ယက်ပေါ်မှ အသိသုတမြှှင့်တင်၍ကာ ကွယ်မှ Facebook သုံးစွဲခြင်းအကြောင်း အရာများအားလည်းကောင်းဒို့ကျေး ရွာဂျာနယ်အတွဲ(၂၀)အမှတ် (၁၅)မှဆောင်း ပါးရှင်မောင်မောင်မြင့်သိန်း ရေးသားသည့်ခန့်မှန်ရခက်သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးမှ အနာဂတ်မှာ နိုင်ငံများ၊ ကုမ္ပဏီများရဲ့အောင် မြင်မှုဟာ လူငယ်လုပ်သားများအပေါ်မှာ မူတည်လျက်ရှိကြောင်း၊ လူငယ်တွေ ယနေ့အချိန်အထိ အသုံးပြုလျက်ရှိတဲ့ သမာရိုးကျခွဲခြမ်းစိတ်ဖြာပြီး တွေးခေါ်ခြင်းအပေါ်မှာ မှီခိုမနေတော့ပဲ ဆန်သစ်ဖန်တီးမှုနဲ့လိုက်လျောညီထွေ တွေးခေါ်ခြင်းအပေါ်မှာ မှီခိုနေကြပါလိမ့်မယ်။ ပြောင်းလဲလိုက်ခြင်းဟာ ကုမ္ပဏီများနဲ့ လူတွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးမားတဲ့ဂရိုက်ခတ်မှုတွေဖြစ်လာမှာဖြစ်ကြောင်း ကမ္ဘာကြီးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးပြု လုပ်ကြကြောင်း၊အသိပညာတွေဖလှယ်လာကြကြောင်းတို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။ ဆက်လက်၍စာပေမြတ်နိုးသူ BookClub အသင်းဝင် ဦးဖိုးသာထူးကဘွဲ့ရ လူငယ်တွေဟာ တခြာနိုင်ငံတွေမှာအလုပ်လုပ်တဲ့အခါ အံဝင်ခွင်ကျအလုပ်လုပ်နိုင်ဖို့ အသိပညာတွေ ဆည်းပူးပြီး သူတို့ရဲ့အနာဂတ်အတွက် ပြင်ဆင်လာကြတယ်။ အနာဂတ်မှာ ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ လူငယ်လုပ်သားများအပေါ်မူတယ်လျက်ရှိပါကြောင်းတို့ကို ရှင်းလင်း‌ ဆွေး နွေးပြောကြားခဲ့သည်။

     ယင်းနောက်  စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်  မခင်မေကျော်၊ မချယ်ရီဝင်း၊ မဇင်မာထွေး၊မရေအေးခင်၊မဆောင်းနှင်းဝေနှင့် တက်ရောက် လာသူများက ဆန်းသစ်ဖန်တီးမှုနဲ့ အသိ ပညာအခြေပြုလုပ်ငန်း၊ အင်တာနက်ရဲ့ အကျိုးကျေးဇူး၊ အသိ ပညာကိုအခြေခံတဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၊ အနာဂတ်မှာကြုံတွေ့လာရမယ့် အခက် အခဲတွေကို အကောင်းဆုံးလုပ်ကြဖို့အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀) အမှတ်(၁၅)မှ ခန့်မှန်ရခက် သောအနာ ဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးပါအကြောင်းအရာများအား ဖတ်ကြားဆွေး နွေးချက်များအပေါ်  ဦး စီးအရာရှိ ဦးစန်းဝင်းက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

   ထို့နောက်စာပေမြတ်နိုးကျောင်းသား ကျောင်းသူလူငယ် များအား လူကုန်ကူးခံရမှုမရှိစေရေးအတွက်လူကုန်ကူးမှုနှင့်ပတ်သက်အကြောင်းအရာများနှင့် သိရှိလိုသည့်အကြောင်း အရာများကိုမေး မြန်းဆွေးနွေးကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာနံရံကပ်စာစောင်ပါအကြောင်းအရာများအားစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)