ပအမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Cen tre )ခန်းမတွင် ဒို့ကျေးရွာဂျာနယ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပအမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Cen tre )ခန်းမတွင် ဒို့ကျေးရွာဂျာနယ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

 

%E1%81%86


MNP - ဖေဖော်ဝါရီ ၂၉


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Comm unity Centre )ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က ဒို့ကျေး ရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၅) မှ မောင်မောင်မြင့်သိန်း ရေးသားသည့် ခန့်မှန်ရခက်သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့ပါသည်။

ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ခန့်မှန်ရခက်သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးမှ အနာဂတ်မှာ နိုင်ငံများ၊ ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ လူငယ်လုပ်သားများအပေါ်မှာ မူတည်လျက်ရှိကြောင်း၊ လူငယ်တွေ ယနေ့အချိန်အထိ အသုံးပြုလျက်ရှိတဲ့ သမာရိုးကျခွဲခြမ်းစိတ်ဖြာပြီး တွေးခေါ်ခြင်းအပေါ်မှာ မှီခိုမနေတော့ပဲ ဆန်သစ်ဖန်တီးမှုနဲ့လိုက်လျောညီထွေ တွေးခေါ်ခြင်းအပေါ်မှာ မှီခိုနေကြပါလိမ့်မယ်။ ပြောင်းလဲလိုက်ခြင်းဟာ ကုမ္ပဏီများနဲ့ လူတွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးမားတဲ့ဂရိုက်ခတ်မှုတွေဖြစ်လာမှာဖြစ်ကြောင်း၊ ကမ္ဘာကြီးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးပြုလုပ်ကြကြောင်း၊ အသိပညာတွေဖလှယ်လာကြတယ် အဲဒါကြောင့် ဘွဲ့ရလူငယ်တွေဟာ တခြာနိုင်ငံတွေမှာ အံဝင်ခွင်ကျအလုပ်လုပ်နိုင်ဖို့ အသိပညာတွေ ဆည်းပူးပြီး သူတို့ရဲ့အနာဂတ်အတွက် ပြင်ဆင်လာကြတယ်။ အနာဂတ်မှာ ကုမ္ပဏီများရဲ့အောင်မြင်မှုဟာ လူငယ်လုပ်သားများအပေါ်မူတယ်လျက်ရှိပါကြောင်းတို့ကို

တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍  စာကြည့် တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းက စာပေဆိုင်ရာဘာသာရပ်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

  ယင်းနောက်  စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင် မောင်

မြင့်စိုး၊ မောင်ကျော်ဆန်း၊ မမိုးမိုးဝင်း၊ မချယ်ရီဝင်း၊ မခင်သီတာဝင်းနှင့် တက်ရောက်လာသူများက ဆန်းသစ်ဖန်တီးမှုနဲ့ အသိ ပညာအခြေပြုလုပ်ငန်း၊ အင်တာနက်ရဲ့ အကျိုးကျေးဇူး၊ အသိ ပညာကိုအခြေခံတဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၊ အနာဂတ်မှာကြုံတွေ့လာရမယ့် အခက်အခဲတွေကို အကောင်းဆုံးလုပ်ကြဖို့အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

  အဆိုပါ ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀)အမှတ်(၁၅)မှ ခန့်မှန်ရခက် သောအနာဂတ်ကို နိုင်နှင်းအောင်ဆောင်ရွက်နေသော လူငယ်များဆောင်းပါးအား ဖတ်ကြားဆွေး နွေးချက်များအပေါ်  ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

 ဆက်လက်၍ စာပေချစ်မြတ်နိုးသူ Book Club အသင်းဝင်လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ် စာစောင်ပါ လူကုန်ကူးခံရမှုမရှိစေရေးအ တွက် မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages