CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ တက်ရောက်




MNP ၊ ဖေဖော်ဝါရီ ၂၂

The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre ၌ hybrid format ဖြင့် ၁၉-၂-၂၀၂၄ ရက်မှစတင်ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်းနှင့် ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ၁၉-၂-၂၀၂၄ ရက်မှ ၁-၃-၂၀၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နျူးကလီးယားစမ်းသပ်ဖောက်ခွဲမှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်များအကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်သော အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများအား ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းအဖွဲ့(ဘီ)၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်တွင်ပါရှိသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်းနှင့် International Monitoring System (IMS) Station ဆိုင်ရာ တည်နေရာအညွှန်း၊ အမည်နာမနှင့် code များကို ထပ်မံပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးရုံး၏ အဆိုပြုချက်များအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် (အွန်လိုင်းစနစ်ဖြင့်) လည်း ပါဝင်တက်ရောက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)