လက်ပံတန်း DENKO ဆီဆိုင်မှာ 92/95 လုံးဝမရတော့ဘူးဆို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်း DENKO ဆီဆိုင်မှာ 92/95 လုံးဝမရတော့ဘူးဆို (အိတ်ဖွင့်ပေးစာ)





ဒီနေ့ သာယာဝတီကနေအလုပ်ကိစ္စနဲ့ပြန်လာတော့ လက်ပံတန်း DENKO ဆီဆိုင်မှာ ဆီဝင်ဖြည့်တော့ 92 / 95 လုံးဝမရှိတော့ပါဘူးဆိုပြီးပြောလို့ ဆီဖြည့်မရခဲ့ဘူး။ ကျနော်က ၂ သောင်းဖိုးပဲထဲ့ပေးဖို့ပြောတာပါ။ အခုဆီဈေးနဲ့ ၂ ဂါလံတောင်မပြည့်ပါ။

ဒါနဲ့ အပေါ့အပါးခဏ သွားပြီးပြန်ထွက်လာတော့ ခွေးဘီလူးတစ်စီးကို ဆီဖြည့်ပေးနေတာတွေ့တယ်။

အော် .....အရံဆီကနေ မကင်းရာမကင်းကြောင်းတွေကို ထည့်ပေးနေတယ်ပေါ့။ ဘာမှစိတ်ထဲသိပ်မရှိခဲ့ဘူး။

"ကြည့်နေတုန်းမှာပဲ ကားနောက်မှာပါလာတဲ့ ၁၀ ဂါလံဝင်ပုံးနှစ်ပုံးကိုပါ ထည့်ဖြည့်ပေးနေတာ ပုံပါအတိုင်းပါပဲ”

အခုလို အကျပ်အတည်းတွေဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုးတွေလုပ်တာကိုတော့ လုံးဝနားလည်ပေးလို့မရသလို လုံးဝခွင့်လွှတ်ပေးလို့မရပါ။

သက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ သေချာစီစစ်ပြီး အရေးယူပေးစေချင်ပါတယ်။


#ပြည်သူ့အသံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)