ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များထောက်ပံ့

 


MNP ၊ ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ လတ်တလောနယ်မြေအခြေအနေရ မြစ်ကြီးနားမြို့တွင် ရွှေ့ပြောင်း နေထိုင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေသော ဆင်ဘိုနှင့် တာလောကြီး ကျေးရွာများမှ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများအား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ သွားရောက် တွေ့ဆုံအားပေးခဲ့ကြသည်။

ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် သားငယ်၊ သမီးငယ်များအနေဖြင့် အခက်အခဲမည်သို့ပင်ရှိစေကာမူ တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ရေးအတွက် မလျော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားဖြေဆိုကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင် ရေးအတွက် အလေးထား စီမံဆောင်ရွက်လျက်ရှိသည့်အပြင် သားငယ်၊ သမီးငယ်များ၏ စခန်းသွင်း လေ့ကျင့်သင်ကြားရာတွင်လည်း နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် လိုအပ်သည်များကို စောင့်ကြည့်လေ့လာပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ (၆၉)ဦးတို့အတွက် ခရမ်းချဉ်သီးပိဿာ (၂၀၀)၊ ဂေါ်ဖီထုပ်(၄၀၀)၊ အာလူးစသည့် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ အသားနှင့် ငါးများကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းစိမ်းဝတ်စုံများကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ ဆင်ဘိုကျောင်း အုပ်ဆရာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထိုမှတစ့်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အတွင်းရှိ သူနာပြုသင်တန်းကျောင်းခန်းမ၌ သူနာပြုသားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူ များနှင့် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများအား သွားရောက် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ လူငယ်မောင်မယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာသင်ကြားချိန်တွင် အရေးကြီး ကဏ္ဍဖြစ်သည့် နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်း‌ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာကိုအလေးထားသင်ယူကြရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံ့အတွက် အားထားရသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီးတို့က ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း ခေတ်နှင့် လျော်ညီပြီး မြို့အင်္ဂါရပ်နှင့်အညီ ယခင်မြို့တော်ခန်းမ ဟောင်းနေရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးရန်ပုံငွေကျပ် (၁၁၈၈)သန်းဖြင့် ၁၈၀ ပေ × ၁၂၀ ပေ × ၂၆ ပေရှိ မြို့တော်ခန်းမသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း၊ သတ်မှတ်ချက်နှင့် ပြည့်မီသည့် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြစ်ကြီးနားကုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နယ်လှည့် ဆေးကုသရေးအဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် ဆေးဝါးကုသမှုခံယူရန် လာရောက်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအတွက် ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင်များကို လိုက်လံပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)