ဂွမြို့နယ်၌ Grade-5နှင့် Grade-9 စာမေးပွဲ လူမှုရေးဘာသာရပ်နှင့် သမိုင်းဘာရပ်ကိုကျောင်းသား/သူများအေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ Grade-5နှင့် Grade-9 စာမေးပွဲ လူမှုရေးဘာသာရပ်နှင့် သမိုင်းဘာရပ်ကိုကျောင်းသား/သူများအေးချမ်းစွာဆက်လက်ဖြေဆို





MNP  ၊  ဖေဖော်ဝါရီ    ၂၇

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌၂၀၂၃-၂၀၂၄ပညာ 

သင်နှစ်အတွက်Grade-5၊ Grade-9အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ

ယနေ့နံနက်ပိုင်းတွင် ပဥ္စမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

ဂွမြို့နယ်အတွင်းတွင်ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၌ Grade-5 စာစစ်ဌာန(၇၆)ခုတွင်လူမှုရေးဘာသာရပ်ကို စာရင်းရှိ-၉၈၂ဦး၊ ဖြေဆိုသူ ၉၀၈ဦးနှင့် ပျက်ကွက်သူ ၇၄ဦးရှိပြီး Grade -9 စာစစ်ဌာန(၃၄)ခုတွင် သမိုင်းဘာသာရပ်ကို စာရင်းရှိ-၆၂၇ဦး၊ ဖြေဆိုသူ ၆၀၀ဦးနှင့် ပျက်ကွက်သူ ၂၇ဦး ရှိကြောင်းသိရသည်။ 

အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူ

များ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့ပေါ်ရပ်ကွက်ရှိ စာစစ်ဌာနကြီးကြပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)