ဂွမြို့နယ်တွင် Grade-5၊ Grade-9စာမေးပွဲ စနစ်တကျ ဖြေဆိုနိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် Grade-5၊ Grade-9စာမေးပွဲ စနစ်တကျ ဖြေဆိုနိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 





MNP ၊ ဖေဖော်ဝါရီ    ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  Grade-5၊ Grade-9စာမေးပွဲ စနစ်တကျ ဖြေဆိုနိုင်ရေးအတွက် အထောက်အကူပြုအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဂွမြို့နယ်၌ ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ(၂၈)ရက် နေ့အထိကျင်းပမည့် Grade-5နှင့်Grade-9 စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် နေ့စဥ်စာမေးပွဲဖြေဆိုချိန်အတွင်း လုံခြုံရေး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော  မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် အထောက်အကူပြုအဖွဲ့များဖြင့်စနစ်ကျနစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ကျောင်း သား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မေးခွန်းလွှာများ  ပေါက်ကြားခြင်း မဖြစ်စေရေး အလေးထားဆောင်ရွက် သွားကြစေလိုပါကြောင်း၊မတ်လ ၁၁ရက် နေ့တွင် ကျင်းပမည့် Grade-12စာမေးပွဲ ကျင်းပမည့် အချိန်တွင်လည်း ယခုကဲ့သို့ ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် ယခင်နှစ်နည်းတူ ဆပ်သွားစစ်ဌာနအား အ.လ.ကမြို့သစ်ကျောင်းတွင် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ယခုတာဝန်ချထားသည့် မြို့ပေါ်ရပ်ကွက်များရှိ ကျောင်း(၆)ကျောင်းတွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အထောက်အကူပြုအဖွဲ့များက ကျောင်း သား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဌာနနှင့် ရပ်ကျေးအထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ပညာရေးဌာနမှ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် အထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)