တပ်ကုန်းမြို့နယ်၌ Grade-5၊ Grade-9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ လူမှုရေး၊ သမိုင်းဘာသာရပ်များ ဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တပ်ကုန်းမြို့နယ်၌ Grade-5၊ Grade-9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ လူမှုရေး၊ သမိုင်းဘာသာရပ်များ ဖြေဆို

 

%E1%81%81%E1%81%85

MNP ၊ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်း စာစစ်ဌာနများတွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5၊ Grade -9 တန်းများမှ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်ပိုင်းက  စာစစ်ဌာနအသီးသီးတွင် လူမှုရေး၊ သမိုင်းဘာသာရပ်များ ဖြေဆိုကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် Grade-5 စာစစ်ဌာန ၁၆၄ ခု၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၂၂၃ ဦး၊ ဝင်ရောက်ဖြေဆိုသူပေါင်း ၄၁၇၈ ဦး၊ ပျက်ကွက်သူပေါင်း ၄၅ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၉၃ ဖြစ်ပြီး၊ Grade-9 စာစစ်ဌာန ၆၄ ခု၊ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆၄၁ ဦး၊ ဝင်ရောက်ဖြေဆိုသူပေါင်း ၂၅၇၁ ဦး၊ ပျက်ကွက်သူပေါင်း ၇၀ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒသမ ၃၅ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages