မကွေးတိုင်းဒေသကြီးတွင် အစိုးရစစ် Grade-9 နဝမတန်း အင်္ဂလိပ် စာဘာသာရပ်မေးခွန်းပေါက်ကြား၍ဖြေဆိုမှုရပ်နား - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မကွေးတိုင်းဒေသကြီးတွင် အစိုးရစစ် Grade-9 နဝမတန်း အင်္ဂလိပ် စာဘာသာရပ်မေးခွန်းပေါက်ကြား၍ဖြေဆိုမှုရပ်နား

057


MNP ၊ ဖေဖော်ဝါရီ ၂၃

KG+12 စနစ်အရ နဝမတန်းအစိုးရစစ်စာမေးပွဲကို ၂၀၂၃ - ၂၄ ပညာသင်နှစ်တွင်စတင်ခဲ့ပြီး KG+12စနစ်အရ နဝမတန်းသည်အလယ်တန်းဆင့်နောက်ဆုံးအဆင့်ဖြစ်ရာ အစိုးစစ်စာမေးပွဲဖြစ်ပြီး ၂၂.၂.၂၀၂၄ နေ့ကမြန်မာစာဘာသာစတင်စစ်ဆေးသည်။ ယနေ့ ၂၃.၂.၂၀၂၄ တွင် အင်္ဂလိပ်ဘာသာဖြေဆိုမည်ဖြစ်ရာ ၂၂.၂.၂၀၂၄ ညက မေးခွန်းပေါက်ကြားမှုဖြစ်၍ ၂၃.၂.၂၀၂၄ တွင် မကွေးတိုင်းအတွင်းရှိကျောင်းများအားလုံး အင်္ဂလိပ်စာဖြေဆိုမှုမပြုလုပ်ဘဲ ဖြေဆိုမှုရပ်နားထားကြောင်း သိရသည်။

နတ်မောက်မြို့မှ ကျောင်းဆရာ (အငြိမ်းစား) တစ်ဦးက "ကျွန်တော်ကလည်း မသိဘူး။ စာမေးပွဲဖြေတဲ့အထဲမှာ တပည့်လေးတွေပါလို့ ဖြေနိုင်ကြရဲ့လား သွားမေးတော့မှ မေးခွန်းပေါက်ကြားလို့ မဖြေရဘူးဆိုတာကို သိတာပါ။ မကွေးဘက်ကို ဆက်သွယ်ပြီး မေးကြည့်တော့လည်း ဟုတ်တယ်။ မဖြေရဘူးတဲ့။" ဟု ပြောသည်။

၂၄.၂.၂၀၂၄ တွင် သင်္ချာဆက်လက်ဖြေဆိုမည်ဖြစ်ပြီး ယနေ့ ၂၃.၂.၂၀၂၄ ရပ်နားထားသောအင်္ဂလိပ်စာဘာသာရပ်ကို ၂၉.၂.၂၀၂၄ တွင်ဖြေဆိုမည်ဟုသိရသည်။

မေးခွန်းမည်သို့ပေါက်ကြားသည်ကို မသိရသေးဘဲ မြို့နယ်အသီးသီးသို့ စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ၂၀၁၇ အဋ္ဌမတန်းအစိုးရစစ်စာမေးပွဲ စစ်ဆေးစဉ်က ဘာသာရပ်အားလုံးပေါက်ကြားခဲ့ဖူးသည်။

ယခင် KG+10 စနစ်အဋ္ဌမတန်းနှင့်ယခု KG+12 စနစ် နဝမတန်းမှာ အလယ်တန်းဆင့်နောက်ဆုံးဖြစ်၍ အဆင့်တူညီပြီး အစိုးရစစ်ဖြစ်သော်လည်း အကျမရှိ အားလုံးအအောင်ပေးသော စနစ်ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Pages