ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြောကြား



ဟားခါး ဖေဖော်ဝါရီ ၂၃

ချင်းပြည်နယ်ဟားခါးမြို့၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး စိန်ထွန်းလှနှင့်အတူ (၂၂-၂-၂၀၂၃) ရက်နေ့က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့်ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ် အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံ ငွေများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန်နှင့် အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေး မူများကိုလည်း အထူးအလေးဂရု ပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြကာ ဝန်ထမ်းများက လိုအပ်ချက်နှင့် အခက်အခဲများကို တင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများထံ ထောက်ပံ့ငွေနှင့် စားသောက် ကုန်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)