NUG အကြမ်းဖက်အဖွဲ့ဝင် ဝရမ်းပြေးများက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်သည့် နစကအစိုးရကို တရားစွဲဆိုမယ်ဟု ထုတ်ပြန်ခြင်းသည် ပျက်လုံးတစ်ခုသာဖြစ်ကြောင်း သုံးသပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ဝင် ဝရမ်းပြေးများက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်သည့် နစကအစိုးရကို တရားစွဲဆိုမယ်ဟု ထုတ်ပြန်ခြင်းသည် ပျက်လုံးတစ်ခုသာဖြစ်ကြောင်း သုံးသပ်





MNP ၊ ဖေဖော်ဝါရီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် အကြမ်းဖက်လှုံ့ဆော်မှုများပြုလုပ်၍ လူငယ်များကို အကြမ်းဖက်သမားများအဖြစ် အသုံးချနေသည့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ စုပေါင်းဖွဲ့စည်းထားသည့် NUG အကြမ်းဖက်အဖွဲ့က ဥပဒေအသက်သွင်းသူများကို အရေးယူမည်ဟုဆိုခြင်းမှာ ဟာသပျက်လုံးတစ်ခုမျှသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းသူများကို NUG အကြမ်းဖက်အဖွဲ့က တရားစွဲဆိုမယ်ဟု ထုတ်ပြန်ခြင်းအပေါ် နိုင်ငံရေးလေ့လာသူ ဦးနေမျိုးထက် က"ကျုပ်တို့ ပြည်သူတွေကြားမှာလည်း နစကအစိုးရနဲ့ NUG အကြမ်းဖက်အဖွဲ့အကြား ဘာကို ယုံလို့ ယုံရမှန်းမသိလောက်အောင်ကို လုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုတွေက များလွန်းတော့ ဒီဥပဒေထွက်ပေါ်လာတဲ့အချိန်မှာ စိုးရိမ်မှုတွေ မြင့်တက်လာတာမျိုးတွေ့ရပါတယ်။ သိပ်ပြီး ရှည်ရှည်ဝေးဝေးတော့ မပြောချင်ပါဘူးဗျာ။ စိုးရိမ်သောက ဖြစ်နေကြတဲ့ မိဘဆိုသူတွေကို ခင်ဗျားတို့ သားသမီးတွေကို စစ်ပညာသင်ကြားဖို့ သင်တန်းကြေးမပေးဘဲ တက်ရောက်သင်ကြားခွင့်ရမယ့် အခွင့်အရေးရမှာ စိုးရိမ်ကြောင့်ကြ မနေကြပါနဲ့။ အိမ်မှာ ဖုန်းတစ်လုံးနဲ့ အချိန်ဖြုန်းနေမယ့်အစား ကိုယ့်အတွက်လည်း အကျိုးရှိ၊ အများပြည်သူကိုလည်း ကောင်းကျိုးပြုခွင့်ရမယ့် အခွင့်အရေးပါ။ စစ်သားတိုင်း စစ်မတိုက်ရဘူး။ စစ်တိုက်တိုင်းလည်း မသေပါဘူး။ လူဆိုတာ သေမျိုး၊ စစ်မတိုက်ဘဲနဲ့ သေကုန်ကြတာတွေလည်း တွေ့နေမြင်နေကြရတာပဲ မဟုတ်လား။ ဒါကတော့ အများပြည်သူကို ပြောချင်တဲ့ စကားပါ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါပြီး ကိုယ့်ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေတဲ့ အကြမ်းဖက်သမား အဖြစ်ခံမလား။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံသားကောင်း ဖြစ်စေချင်သလားဆိုတာကိုလည်း မိဘများ ကိုယ်တိုင် ပြန်စဉ်းစားပါလို့ တိုက်တွန်းချင်တယ်။ NUG ဆိုတာကတော့ နစကအစိုးရ လုပ်သမျှ အမေရိကန်ကနေထိုင်ပြီး ဆန့်ကျင်၊ ကန့်ကွက်ရှုတ်ချ ဒါပဲ လုပ်နေမှာပဲ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ရောက်ရှိခိုလှုံနေတဲ့ တိုင်းပြည်တွေမှာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရတဲ့ ဥပဒေတွေ ရှိပြီသားပဲ။ အဲဒါမျိုးတွေကို ကန့်ကွက်တာ ကြားဖူးသလား။ မြန်မာပြည်မှာ ဒီဥပဒေ ကျင့်သုံးတော့မယ်ဆိုမှ ဘာလို့ ကန့်ကွက်တာလဲ။ အများပြည်သူကို သူတို့ရဲ့ သြဇာခံ အကြမ်းဖက်သမားတွေပဲ ဖြစ်စေချင်တာ။ သူတို့ရဲ့ ဆန္ဒပေါ့ဗျာ။ သူတို့ရဲ့ ဆန္ဒ သူတို့ရဲ့နိုင်ငံရေးအတ္တတွေနောက်ကို ပြည်သူများက လိုက်ပါ ဆောင်ရွက်နေကြမယ်ဆိုရင်တော့ တိုင်းပြည်က တိုင်းပြည် နာသထက် နာမယ်။ လူသားအရင်းအမြစ်တွေ ဆုံးရှုံးမယ်။ NUG ဆိုတာ ဘာမှ လုပ်ပိုင်ခွင့်အာဏာမရှိတဲ့ လေပေါအဆင့်ပါပဲ။ သူတို့က အရေးယူမယ်လို့ ထုတ်ပြန်ရအောင် အရေးယူခံရမှာ ကြောက်လို့ သူတို့ကိုယ်တိုင်တောင် ထွက်ပြေးနေကြရတယ်မဟုတ်လာ။ ဒီကောင်တွေရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရင် လေးနက်မှုမရှိဘဲ ပျက်လုံးထုတ်သလို ဖြစ်နေတယ်" ဟု သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က "နိုင်ငံတော်ကာကွယ်ရေတာဝန်ဆိုတဲ့ နေရာမှာ လက်နက်ကိုင်ပြီး၊ သေနတ်ကိုင်ပြီးစစ်တိုက်နေမှ နိုင်ငံတော်ကာကွယ်ရေးတာဝန် မဟုတ်ပါဘူး။ ကွန်ပျူတာ၊ အိုင်တီ ကျွမ်းကျင်တဲ့သူတွေကလည်း မိမိနိုင်ငံကို Cyber တိုက်ခိုက်မှုအတွက် ကာကွယ်ရမဲ့တာဝန်ရှိတယ်။ စည်းပွားရေးအရ ကျွမ်းကျင် တဲ့သူတွေကလည်း မိမိနိုင်ငံကို စီးပွားရေးအရ ထိုးနှက်လာတာတွေကို မိမိနိုင်ငံဘက်က မိမိအကျိုး ကိုကာကွယ်နိုင်ဖို့အတွက် ဆောင်ရွက်ရမဲ့လုပ်ငန်းတွေရှိတယ်။ ဒါ့ကြောင်မို့ ပြည်သူ့စစ်မှုထမ်းစနစ် ကို ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ မိမိရဲ့သက်ဆိုင်တဲ့၊ ကျွမ်းကျင်တဲ့ ပညာရပ် တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့ အခြေခံစစ်ပညာသင်ကြားပြီး ဒီတာ ဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် ဆောင်ရွက်သွားရမျာဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထုတစ်ရပ်လုံး၊ မိဘပြည်သူအားလုံးက သိရှိပြီး၊ လူငယ်အားလုံးက သိရှိပြီး၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ကျေပွန်စွာ၊ ဂုဏ်ယူစွာထမ်းဆောင်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရ ပါတယ်။" ဟု ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)