NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်းအကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG တော်လှန်ရေးကျားဖြန့်ဂိုဏ်းအကြောင်း



မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ NLD ၊ ၈၈ မှ နိုင်ငံရေးလုပ်စားသူများ၊ လော်ဘီများဟာ ပြည်ပရောက်မြန်မာများထံမှ အလှူငွေများ ကောက်ခံခဲ့ကြပါတယ်။ ဒီရက်ပိုင်းအတွင်း အမေရိကန်တွင် ခိုလှုံနေသည့် ဝရမ်းပြေး ပန်ဆယ်လို က အမေရိကန်တွင် နေအိမ် ၂လုံး ဝယ်ယူပိုင်ဆိုင်ထားသည့်အပေါ် NUG အကြမ်းဖက်အဖွဲ့ကို ဝန်းရံပေးနေသူများအကြား ဂယက်ထခဲ့ကြပြီး တရားစွဲဆိုမှုများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။

တရားစွဲဆိုသူ ဥက္ကာမင်းထွန်း ဘက်မှ ရပ်တည်သည့် စစ်နိုင် ဆိုသူက -

ဒီပွဲက တော်လှန်ရေးကို တိုက်ခိုက်နေတဲ့ပွဲ မဟုတ်။ တော်လှန်ရေး အားကောင်းမောင်းသန် ဆက်လက်ချီတက်ရေးအတွက်....တော်လှန်ရေးလုပ်စား၊ နိုင်ငံရေးလုပ်စားတွေကို ဝိဉာဉ်ရိုက်ခွဲ မောင်းထုတ်တဲ့ပွဲ။ တော်လှန်ရေးအသက်သွေးကြောဖြစ်တဲ့ လူထုချွေးနည်းစာထောက်ပို့ငွေတွေကိုစား၊ အစာဝနေတဲ့ တော်လှန်ရေးအရေခြုံ ဝံပုလွေတွေကို ဒီလိုအပြီးတိုင်မောင်းထုတ်ရာမှာ နည်းလမ်းအမျိုးမျိုးရှိမှာပဲ။ 

တစ်ခါလာလဲ သာ့ဒ်ပါတီ၊ တစ်ခါလာလဲ စကစဒလန်လို့ အထောက်အထားသက်သေမရှိ၊ သွေးရူးသွေးတမ်း၊ အရူးချီးပန်းထွက်ပြောလာတဲ့ တော်လှန်ရေးကျားဖြန့်ဂိုဏ်းကွန်ယက်ထဲက ရေငုပ်နေတဲ့ကြောင်သူတော်၊ ကြွက်သူခိုးတွေ တစ်ကောင်ပြီး တစ်ကောင် ဒီအချိန်မှာ မဖြစ်မနေ ရုပ်ထွက်ပြလာရတာကလဲ တော်လှန်ရေးအတွက် အကျိုးအမြတ်တစ်ခုပဲ။

ဒီကောင်တွေ မရိုးသားလိုက်ပုံက သာမန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတောင် ကောင်းကောင်းနားလည်ထားတဲ့ ကိစ္စရပ်တိုင်း၏ Risk and Opportunities ယုတ္တိဗေဒစဉ်းစားချက်ထဲက တော်လှန်ရေးအတွက်ဖြစ်ထွန်းလာမယ့် အခွင့်အလမ်း Opportunities ကို ထုတ်မပြောပဲ၊ တော်လှန်ရေးထိခိုက်တော့မယ်ဆိုတဲ့ Risk တွေကိုသာ ဇောင်းပေးပြောပြီး လူထုနဲ့ တော်လှန်ရေးရဲဘော်တွေကို စနစ်တကျကောက်ကျစ်စွာ ယခင်ကလို ဆက်လက်လိမ်လည်မှိုင်းတိုက်နေတာပဲ။

ခင်လင်းလင်းဖြူ ဆိုသူကတော့ "အုပ်စုဖွဲ့ ငြိမ်တုပ် ခိုးစားနေတာ (၃) နှစ်လုံးလုံး သူခိုးဖော်တော့မှ သူခိုးကလူပြန်ဟစ်" လို့ ပြောဆိုထားပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)