ခန္တီးမြို့၌ ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား မိဘအုပ်ထိန်းသူထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ခန္တီးမြို့၌ ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား မိဘအုပ်ထိန်းသူထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားပြုလုပ်

054

055

056


ခန္တီး၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ပြစ်မှုကျုးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား မိဘအုပ်ထိန်းသူထံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ခန္တီးတပ်နယ်နန်စီပွန်ရိပ်သာ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်က အသိပညာပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးက အလင်းဝင်အသိအမှတ်ပြုကဒ်ပြားပေးအပ်ရာ အလင်းဝင်ရောက်လာသူ မောင်သူရိန်စိုး(ခ)စိုးပူမှ လက်ခံရယူခဲ့သည်။

ထို့နောက် အလင်းဝင်ရောက်လာသူမှ ကျေးဇူတင်စကားပြန်လည်ပြောကြားပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ မောင်သူရိန်စိုး(ခ)စိုးပူမှာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တပါမှော်တွင် ရွှေမျောလုပ်ကိုင်နေစဉ် KIA/NPDF အဖွဲ့မှ ဖမ်းဆီးခံခဲ့ရပြီး KIA  တပ်ရင်း(၆)မှ ထွက်ပြေးလွတ်မြောက်လာကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


#News

No comments:

Post a Comment

Donate and Support

Pages