ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာနများတွင် အသက်(၅၀) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ထိုးနှံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာနများတွင် အသက်(၅၀) နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ထိုးနှံ

%E1%81%81%E1%81%86

%E1%81%81%E1%81%87

MNP ၊ ဖေဖော်ဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အသက်(၅၀)နှစ်အထက် ပြည်သူများအား သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့ နံနက်ပိုင်းက ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer)  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အမှတ်(၃) ရပ်ကွက် ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆရာမ ဒေါ်ခင်မိမိလှိုင် ဘက်စုံသားဖွားဆရာမ ( Midwife) ငွေဆောင်( S / C) ဦးဆောင်၍ လည်းကောင်း၊ သဇင်ကျေးရွာအုပ်စု၊ သဇင်ကျေးလက်ကျန်းမာရေး ဌာနခွဲ၌ ဆရာမ ဒေါ်ယမုံဇင် ဘက်စုံသားဖွားဆရာမ ( Midwife) ငွေဆောင်( S / C) ဦးဆောင်၍ လည်းကောင်း ၊ ရှောက်ချောင်းကျေးရွာ ၊ ရှောက်ချောင်းကျေးလက်ကျန်းမာရေးဌာန၌ ဆရာမ ဒေါ်အေးအေးမူ ဘက်စုံသားဖွားဆရာမ ( Midwife) ငွေဆောင် ( S / C) ဦးဆောင်၍လည်းကောင်း  အသက်(၅၀) နှစ်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဂျာမနီနိုင်ငံထုတ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer) ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဆောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages