ဆီဆိုင်မြို့၊ မဲဟဲရွာအနီး PNO နှင့် KNDF, PNLA အကြမ်းဖက်အဖွဲ့များ တိုက်ပွဲဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့၊ မဲဟဲရွာအနီး PNO နှင့် KNDF, PNLA အကြမ်းဖက်အဖွဲ့များ တိုက်ပွဲဖြစ်



MNP ၊ ဖေဖော်ဝါရီ ၄

ဆီဆိုင်မြို့ အနောက်ဖက် မဲဟဲရွာတွင် ယနေ့(ဖေ ၄ ရက်) ညနေ ၅ နာရီခန့်က တပ်မတော်စစ်ကြောင်းနှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေသော PNO အဖွဲ့ နှင့် KNDF၊ PNLA အကြမ်းဖက်အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း KNDF၊ PNLA အကြမ်းဖက်သောင်းကျန်းသူ ၇ လောင်း နှင့် လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PNLA သည် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း ပအိုဝ်းပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် KNDF အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)