မြန်မာအမြဲတမ်းကိုယ်စားလှယ် “Reception on ASEAN-China Year of People-to-People Exchanges and Lunar Year” သို့ တက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မြန်မာအမြဲတမ်းကိုယ်စားလှယ် “Reception on ASEAN-China Year of People-to-People Exchanges and Lunar Year” သို့ တက်ရောက် အမှာစကားပြောကြား

035

036

037


MNP ၊ ဖေဖော်ဝါရီ ၈

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၇-၂-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် “Reception on ASEAN-China Year of People-to-People Exchanges and Lunar Year” ၌ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Hou Yanqi နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့နှင့်အတူ အမှာစကား ပြောကြားခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် အမြဲတမ်းကိုယ်စားလှယ်အနေဖြင့် အာဆီယံ-တရုတ် ပြည်သူများ အကြားဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ၂-၂-၂၀၂၄ ရက်နေ့တွင် ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူးတံတား တည်ဆောက်ရာ၌ ပြည်သူနှင့် ပြည်သူ့အကြား အပြန်အလှန် ဖလှယ်မှု မြှင့်တင်ရေး၏ အရေးပါမှုကို အသိအမှတ်ပြုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ချစ်ကြည်ရေး၊ ညီညွတ်မှု၊ အပြန်အလှန်လေးစားမှုတို့ကို မြှင့်တင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပညာသင်အစီအစဉ်များ တိုးမြှင့် ပေးအပ်သွားမည်ဟု သိရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေး ခေါင်းစဉ်အောက်ရှိ လုပ်ငန်းစဉ်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages