Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthylazine ပေါင်းသတ်ဆေး ငါးမျိုးကို မြန်မာနိုင်ငံ၌ သုံးစွဲရန် တားမြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthylazine ပေါင်းသတ်ဆေး ငါးမျိုးကို မြန်မာနိုင်ငံ၌ သုံးစွဲရန် တားမြစ်


နေပြည်တော်၊ မတ် ၁၆

ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး ငါးမျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ၁၄-၃-၂၀၂၄ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthylazine ပေါင်းသတ်ဆေး ငါးမျိုးကို မြန်မာနိုင်ငံ၌ သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဝင်များ၊ ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို ပြည်တွင်းသို့ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် မှတ်ပုံတင်လျှောက်ထားလာသည့်အခါတွင် ပိုးသတ်ဆေး ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပိုးသတ်ဆေး ဥပဒေအရ လူ၊ တိရစ္ဆာန်၊ သီးနှံနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ် မြင့်မားစေနိုင်ပြီး အဆိပ်အတောက်ပြင်းထန်သော ပိုးသတ်ဆေးများဖြစ်ပါက မြန်မာနိုင်ငံတွင်သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေး သို့မဟုတ် ကန့်သတ်သုံးစွဲသည့် ပိုးသတ်ဆေးများအဖြစ် သတ်မှတ်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း။

မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၁) ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် Rotat-ional Period လေးလနှင့်အထက်ဖြစ်နေသော Atrazine, Fomesafen, S-Metolachlor, Mesotrione နှင့် Terbuthylazine ပေါင်းသတ်ဆေး ငါးမျိုးကို မြန်မာနိုင်ငံ၌ သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေး (Banned Pesticide) အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း၊ အများပြည်သူ သိရှိနိုင်ရေး ဆောင်ရွက်ရန်နှင့် အသိပေးထား သည့် ကာလအတွင်း ပြန်လည်သုံးသပ်ခြင်းကိစ္စရပ်များ ဆောင်ရွက်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။

ပေါင်းသတ်ဆေး ငါးမျိုးတစ်ခုချင်းစီ၏ ကောင်းကျိုးဆိုးကျိုးများအပေါ် လေ့လာသုံးသပ်ပြီး စိုက်ပျိုးရေးထွက်ကုန် များ တင်ပို့သည့်အခါ မိမိတို့နိုင်ငံ၏ စီးပွားရေး တွက်ချေကိုက်ရေး၊ ကုန်သွယ်မှု အခွင့်အလမ်း တိုးတက်လာစေရေး၊ စားသုံးသူများ၏ ကျန်းမာရေးလုံခြုံမှုရှိရေးစသည့် ရှုထောင့်မျိုးစုံမှ သုံးသပ်ပြီး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များက ပေါင်းသတ်ဆေး ငါးမျိုး၏ ကောင်းကျိုး ဆိုးကျိုးများအပေါ် လေ့လာသုံးသပ်ပြီး စိစစ်ချက်တစ်ခုချင်းကို အသေးစိတ်ဆွေးနွေးကြသည်။ ယခုအစည်းအဝေးတွင် ရရှိသည့် ဆွေးနွေးသုံးသပ်ချက်များကို နောင်ကျင်းပမည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေး၌ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)