ဒိုက်ဦးမြို့နယ်တွင် Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် Biometric (ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်


ဒိုက်ဦး မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က အိမ်ခြေလေးဆယ်ကျေးရွာဓမ္မာရုံ၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တောင်သလဲမြောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ ပြည်သူများအား Biometric (ဇီဝဆိုင်ရာ) အချက်အလက်များကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း (Lris Scanner)၊ စက်ကိရိယာဖြင့် လက်ဗွေစကန်ဖတ်ခြင်း (Fingerprint Scanner) နှင့် မျက်နှာစကန်ဖတ်ခြင်း (Logitech Webcam) များဆောင်ရွက်ပြီး အတည်ပြုပုံစံများဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူမှုအင်အားဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမိုးက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)