ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ပခုက္ကူ မတ် ၂၇

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ဆေးရုံကြီးရှိ လူနာများနှင့် လူနာစောင့်များအတွက် လုပ်ငန်းပုံမှန်လည်ပတ်ဆောင်ရွက်ပေးနေမှုများ၊ လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့် စနစ်တကျသုံးစွဲရေး ဆောင်ရွက်မှုများ၊ လူနာဆောင်များ ပုံမှန်ဖွင့်လှစ်ကုသဆောင်ရွက်ပေးနေမှုများ၊ ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ဆေးရုံကြီး အထောက်အကူပြုကော်မတီဝင်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)