အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် သုဇနကာရီ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် သုဇနကာရီ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်



နေပြည်တော်၊ မတ် ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့က အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ နေပြည်တော်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့သွားရောက်၍ ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး ကလေးများသင်ကြားလေ့ကျင့်ပေးမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မူလတန်းကြိုကျောင်း၏ ကြီးကြပ်သူများ၊ တာဝန်ခံဆရာမများနှင့်တွေ့ဆုံ၍ မူလတန်းကြိုအရွယ်သည် စူးစမ်းလေ့လာမှုအားကောင်း၍ ပတ်ဝန်းကျင်မှ ပြုစုပျိုးထောင်ပေးမှုများသည် ကလေးများဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်းကဏ္ဍများဖြစ်ပါကြောင်း၊ ကလေးများအတွက်ဖွံ့ဖြိုးမှုနည်းလမ်းများနှင့်အညီ စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စသည်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မကြာခင်မူလတန်းသို့ တက်ရောက်ရမည့် ရင်သွေးငယ်များအတွက် မူလတန်းကြိုကျောင်းများသည် သင်ယူမှု၏ အဓိကအခြေခံအုတ်မြစ်များဖြစ်သဖြင့် တတ်နိုင်သမျှထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ်စွာဖြင့် နေထိုင်တတ်ပြီး ကိုယ်ချင်းစာနာစိတ်ဖြင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်စေရေးအတွက် ဆရာ၊ မိဘနှင့်တာဝန်ရှိသူများပူးပေါင်း ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး ကလေးများကို အရုပ်၊ မုန့်နှင့်ပဲနို့များကျွေးမွေးခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာရှိလူမှုဝန်ထမ်းဦးစီးဌာန တည်ထောင်ခွင့်ပြု မိန့်ရသုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ သို့သွားရောက်၍ ဂေဟာ၏နာယကဆရာတော်အား ဖူးမြော်ကန်တော့ပြီး ဂေဟာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ မေးမြန်းလျှောက်ထား သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂေဟာရှိတာဝန်ခံများ၊ ဂေဟာအုပ်ချုပ်ရေးမှူးအပါအဝင် ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကလေးများအား စောင့်ရှောက်ထားရှိမှုအခြေအနေ၊ စားသောက်ရေး၊ နေထိုင်ရေးနှင့်မိသားစုများနှင့် တွေ့ဆုံနိုင်ရေးဆောင်ရွက်ပေးနေမှုကိုမေးမြန်းခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ဂေဟာရှိကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတာဝန်ခံနှင့်ဆရာမများ၊ ကလေးများကိုတွေ့ဆုံ၍ သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီး ဂေဟာရှိကျောင်းသား ကျောင်းသူများ၊ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများအား အရုပ်၊ မုန့်နှင့်စားသောက်ဖွယ်ရာများ ကျွေးမွေးထောက်ပံ့ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)