မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးဟောပြောပွဲ ကျင်းပ



နေပြည်တော်၊ မတ် ၁၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်းအစီအစဉ် Knowledge Sharing Program အရ “နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။

ဟောပြောပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ချုပ်နှင့် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက “နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များ - Rights and Duties of the Citizens” ခေါင်းစဉ်ဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights – UDHR) ပါ အခွင့်အရေးနှင့် တာဝန်ရှိမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းနှင့်စပ်လျဉ်းသည့် ကမ္ဘာ့နိုင်ငံများ ကျင့်သုံးသည့်သမိုင်း၊ မြန်မာ့သမိုင်းတွင် နိုင်ငံကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည့်ဖြစ်စဉ်များ၊ မျက်မှောက်ခေတ် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးသော နိုင်ငံများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်မှ ယာယီရွှေ့ဆိုင်းခွင့်ရရှိသူများနှင့် ဥပဒေအရ ကင်းလွတ်ခွင့်ရသူများ၊ နိုင်ငံ့သားကောင်းဂုဏ်ရည်နှင့် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ခြင်း၏ အကျိုးရလဒ်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက နိုင်ငံအချို့၏ ပြည်သူ့စစ်မှု ထမ်းခြင်းသာဓကများနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းပါ အခွင့်အရေးနှင့် တာဝန်ရှိမှုတို့ကို ဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင များ၊ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)