သံတွဲမြို့၌ (၄၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အောင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၄၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အောင်ပွဲကျင်းပ

 



သံတွဲ မတ် ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၄၄)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ်ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူမင်္ဂလာပွဲတော်အောင်ပွဲကို မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုရာများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။


ရှေးဦးစွာ (၄၄)ကြိမ်မြောက် မဟာဘုံကထိန် အလှူမင်္ဂလာပွဲတော် အောင်ပွဲသို့ ကြွရောက်တော် မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွက်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြပြီး သီရိမင်္ဂလာမြို့ ဦးတောင်ကျောင်းဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြသည်။ ပြီးနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဟန်က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။


၎င်းနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား ငွေပဒေသာပင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာ သီရိဝေပုလ္လကျောင်းဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ဒ္ဒန္တပညာဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ (၄၄)ကြိမ်မြောက် မဟာဘုံကထိန်အလှူမင်္ဂလာပွဲတော် အောင်ပွဲ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့်  (၄၄)ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ်ဌာနပေါင်းစုံ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်အလှူမင်္ဂလာပွဲတော် အောင်ပွဲတွင် အလှူတော်ငွေ စုစုပေါင်း သိန်း(၁၄၀)၊ (သိန်းတစ်ရာ့ လေးဆယ်တိတိ) အားလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)