အောင်လံ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဆောက်လုပ်နေသည့် အောင်လံမြို့နယ်တရားရုံး (RC) လေးထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက် (၉) နာရီက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်တို့က ကြည့်ရှုစစ်ဆေးခဲ့ရာ နန်းထိုက်ဝင်း ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူ ဦးအောင်သူမှ မြို့နယ်တရားရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေအား (Power Point) ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်မှ ဆောက်လုပ်ထားရှိသော တရားခွင်များ၊ ရုံးခန်းများနှင့် ပရိဘောဂပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment