ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ

 



မန္တလေး မတ် ၁၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သော ၂၀၂၃ ခုနှစ် ဓမ္မာစရိယ၊ နိကာယ်နှင့်ပထမပြန်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီ၊ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိဓူရ အမှူးပြုသည့် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များနှင့် စာအောင်သံဃာတော်များ၊ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦလှထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ ဘုရား၊စေတီများမှ  ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ လူမှုရေးဘာသာရေး အသင်းအဖွဲ့ဝင်များ၊ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ကြည်ညိုကြသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘရားကန်တော့ ဖွင့်လှစ်ပြီး ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝီဓူရထံမှ ငါးပါး သီလ ခံယူဆောက်တည်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာ​တော်များအား တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဓမ္မာစရိယ နိကာယ်အောင် ၂ ပါး၊ ပထမကြီးတန်းအောင် ၁၈ ပါး၊ ပထမလတ်တန်းအောင် ၃၀ ပါး၊ ပထမငယ်တန်းအောင် ၃၇ ပါး၊ အခြေပြု မူတန်းအောင် ၆၅ ပါး၊ စုစုပေါင်း ၁၅၂ ပါးတို့အား စာအောင်လက်မှတ်များ ဆက်ကပ်ကြပြီး ကြွရောက်လာသည့် ဆရာတော်များနှင့် စာအောင်သံဃာတော်များ၊ သီလရှင်များအား အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ စုပေါင်းလောင်းလှူကြကြောင်း သတင်းရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)