မင်းဘူး(စကု)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



မင်းဘူး၊ မတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းကို ကုလားပါးကျေးရွာဓမ္မာရုံ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးကြသည့် ကမ္ဘာ့နိုင်ငံများအကြောင်း ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်နှင့် ထမ်းဆောင်ရမည့် ကာလအပိုင်းအခြားများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်၊ စကုနယ်မြေစခန်းမှူး ရဲအုပ်မျိုးမြင့်အောင်၊ မင်းဘူးမြို့၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဦးဟိန်းထက်ဦးတို့က ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


ဇေယျာထက်(မင်းဘူး)

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)