ပေါင်မြို့နယ်၌အခြေခံရှေးဦးပြုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌အခြေခံရှေးဦးပြုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲပြုလုပ်






MNP  ၊     မတ်    ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌အခြေခံရှေးဦးပြုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲကိုယမန်နေ့ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။

                          ရှေးဦးစွာပြည်နယ်ကြက်ခြေနီသူနာပြုပြည်နယ်တပ်ဖွဲ့မှူးဦးကျော်မြင့် က ရှေးဦးပြုစုခြင်းဘာသာရပ်ဆိုတာ ယခင်ကတစ်အိမ်လျှင်တစ်ယောက်တတ်မြောက်ထားရမည်ဖြစ်ပါကြောင်း၊ယခုအချိန်တွင်လူတိုင်းတတ်မြောက်ရမည်ဖြစ်သည့်အတွက်လူတိုင်းတတ်မြောက်အောင်သင်ကြားကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။

                ဆက်လက်၍ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် ကရှေးဦးပြုစုခြင်းတက်မြောက်ထားသည့်အတွက်  မတော်တစ်ဆဖြစ်ပွားသည့်ဒဏ်ရာများခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာ၍အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုစုခြင်းပညာဖြင့်  အသုံးချနိုင်မည့်လူတိုင်း သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းသို့ အချိန်မီရောက်ရှိအောင်ဆောင်ရွက်နိုင်ပါကြောင်း  အမှာစကားပြောကြားခဲ့သည်။

               ထို့နောက် သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊သင်တန်းသူများအား ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကိုတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။တစ်ဆက်တည်းမှာပင် သင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။အဆိုပါသင်တန်းကို သင်တန်းဆရာ(၅)ဦးက သင်တန်းသား (၂၅)ဦးကို (၃) ရက်ကြာစာတွေ့လက်တွေ့ဖြင့်သင်ကြားပြသခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)