ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာတွင် (၉၄.၁၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာတွင် (၉၄.၁၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို




ကျွန်းစု မတ်လ ၁၁

၂၀၂၄ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ပညာရေးဝန်ကြီးဌာန  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပမည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာတွင် (၉၄.၁၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ကျွန်းစု စာစစ်ဌာန၌ အတွင်းဖြေကျောင်းသား(၉၈)ဦး၊ ကျောင်းသူ (၁၄၈)ဦးနှင့် ပြင်ပမှဖြေဆိုရန် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂၃)ဦး၊ စုစုပေါင်း(၂၇၄)ဦးရှိရာ မြန်မာစာဘာသာတွင် ကျောင်းသား(၉၂)ဦး၊ ကျောင်းသူ(၁၆၆)ဦး၊ စုစုပေါင်း(၂၅၈)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၄.၁၆%)ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၅)ဦး၊ စုစုပေါင်း (၁၆)ဦး၊ ပျက်ကွက်မှုရာခိုင်နှုန်း (၅.၈၄%)ရှိကြောင်း သိရသည်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစာစစ်ဌာနရှိရာနေရာသို့ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဗိုလ်မှူးချုပ်ကျော်လင်းဇော်နှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ထက်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)