ပင်လုံမြို့၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လိုက်လံစစ်ဆေး



ပင်လုံ မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ပင်လုံမြို့၌ ဇန်နဝါရီ ၂၁ မှ မတ် ၃၁ ထိ ကောက်ကွက်ပေါင်း (၃၂) ကွက်အား  ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာအောင် ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်ခင်နှင့်ဝန်ထမ်းများ၊ ပင်လုံမြို့မြိုအုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်မှ စတင်ကာ လူနေ/လူမနေအဆောက်အအုံများအား Mobile Tablet အသုံးပြု၍ သတ်မှတ် Software အသုံးပြုကာ မှတ်တမ်းတင်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)