ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဝင်ရောက်ဖြေဆို

 



  ငပလီ မတ်  ၁၆ 


 ရခိုင်ပြည်နယ် ငပလီမြို့မှတက္ကသိုလ်ဝင်စာမေးပွဲကိုဇီဝဗေဒနှင့်​​ဘောဂ​ဗေဒဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူ(၅၄၁)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

  ထိုသို့ စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၆)ရက်နေ့ နံနက်၉နာရီမှ၁၂နာရီထိ၃နာရီမေးခွန်းလွှာကိုသက်ဆိုင်ရာစာစစ်ဌာနများတွင်စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ဆရာမများမှစနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများကကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက်လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

  ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့်အ-ထ-က ငပလီ နင့်အထကခွဲလင်းသာစာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူဇီဝဗေဒဘာသာရပ်ကို (၅၁)ဦးရှိသည့်အနက် ဖြေဆိုသူ (၅၁) ဦးပျက်ကွက်(-)ဦး၊ဘောဂ​ဗေဒဘာသာရပ်ကိုဖြေဆိုသူစုစုပေါင်း(၄၉၀)ရှိသည့်အနက်​​​​​ဖြေဆိုသူ(၄၇၁)ဦး ပျက်ကွက် (၁၉)ဦးရှိကြောင်း​မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။ 


 မြင့်မြင့်အေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)