ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား



ငပုတော၊ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တောင်ပိုင်းရပ်ကွက် မဉ္ဇူလမ်းရှိ ဒေါ်ခင်နွဲ့ရီ၏ (၉×၁၈)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံး ယမန်နေ့ ညနေ (၅)နာရီ (၄၅)  မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်းကျွမ်းမှုအကြောင်းအရင်းမှာ ထင်းမီးဖိုဖြင့် ထမင်းချက်ထားရာမှ ဘေးအကာဓနိသို့ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် (၉×၁၈) ပေ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း နေအိမ် (၃)လုံး၊ (၉×၁၈)ပေသွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ခင်း နေအိမ် (၇)လုံး၊ စုစုပါင်း လူနေအိမ် (၁၀)လုံး  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါမီးလောင်ကျွမ်းမှု‌အား ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၄)ဦး၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ ပုသိမ်ခရိုင် မီးသတ်စခန်းမှ မီးသတ်ရေယာဉ်(၁)စီး၊ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စင်း၊ ငပုတော မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၇)စီး၊ ရပ်ကွက်နေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၄၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၆)နာရီ(၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ(၆)နာရီ (၅၀)မိနစ်အချိန်တွင် မီးငြှိမ်း သတ်နိုင်ခဲ့ရာ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လာရောက်စစ်‌ဆေးခဲ့ကြောင်း သိရသည်။

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)